Popular Posts

၁။လက်နက်ချစကား အလျဉ်းမပြောရ။ ၂။ကရင်ပြည် ပြီးပြည့်စုံရမည်။ ၃။ကရင့်လက်နက် ကရင့်လက်ထဲရှိရမည်။ ၄။ကရင့်ကြမ္မာ ကရင်ဖန်တီးရမည်။

Saturday, 28 June 2014

စိုင်းထီးဆိုင်အမှတ်တရ


Saturday, 21 June 2014

မြွေပွေးခါးပိုက်




(လင်္ကာဒီပ)

ချဲ့ကားလိုက် ရှုံ့တွလိုက်ကြ
ပုပ်ပွတဲ့ စစ်ယုတ်ကမ်းတွေ
ပန်းခြွေတဲ့လက်တွေ
သွေးပေ သက်ခြွေတဲ့ လက်တွေနဲ့
နှုတ်ဆက်တဲ့အပြု
ယုံကြည်မှုအတုကို ဖန်တီး
ရမ်းသမ်းပြီး ယုံပစ်လိုက်တဲ့ဖထီး
မီးစကို ရေခဲချောင်းအမှတ်လုပ်
စုပ်ကာပြတော့မတဲ့ဗျို့။

Saturday, 31 May 2014

ပြည်ကြီးအလှ စာရိတ္တ


ပြည်ကြီးအလှ စာရိတ္တ
(လင်္ကာဒီပ)
မေလ ၂၄၊ ၂၀၁၄။

ငါစီးပွား ကြီးပွားရင်ပြီးရော
လောကကြီး  မီးပဲလောင်လောင်
တောင်တွေဖြိုပြို မြစ်တွေခမ်းခမ်း
ပန်းတွေကြွေကြွေ
ပြည်သူတွေ မူးယစ်ပဲစွဲစွဲ
မွဲလို့သေစမ်းပါစေ ဆိုတဲ့စိတ်များ
မွေးမြူထားကြလေရော့သလား ညီအစ်ကိုတို့။

Saturday, 26 April 2014

တော်လှန်ရေးသတိ


တော်လှန်ရေးသတိ
(လင်္ကာဒီပ)

ပူလောင်တဲ့ညနေခင်း
ငြင်းရရဲ့နဲ့ငြင်းချက်မထုတ်ခဲ့တဲ့အမှု
ဗဟိုပြုခဲ့ကြညီညွတ်ရေး
ခပ်ရေးရေးရေးသာထင်
ပြင်ရင်းပြင်ရင်းအမှားရွေး
ပထွေးအားကျ ကျွှန်ပါးဝကြပြီလေ
မိုးခါးရေ မင်းလည်းသောက်အုံးမလား။

Sunday, 13 April 2014

ငြိမ်းချမ်းရေး စစ်တမ်း (၄)



Wednesday, 19 February 2014

Karen Revolution Day: Vision and Unity: KNDO, KNLA, DKBA and

Tuesday, 24 December 2013

နှစ်သစ်အတွေး



နှစ်သစ်အတွေး
(လင်္ကာဒီပ)
(ဒီဇင်ဘာ ၂၅၊ ၂၀၁၃။)

အတွေ့အသစ် အငွေ့သစ်
နှစ်သစ်တဖြစ်လည်း
စစ်ပွဲတွေမလိုချင်ဘူး တကယ်
ဘယ်ဗျူဟာ ဘယ်မာယာ
ယတြာအစုတ်အပြတ်
မဟုတ်မဟတ် လုပ်ဇာတ်အညစ်
ရပ်တန်းရစ်ကြစေ
နေ့သစ်တွေကို ရွှေ့မပစ်ချင်ကြစမ်းပါနဲ့။

မမေ့လျော့ခြင်း
ပေါ့ဆခြင်းကင်းစွာ
သစ်ကမ္ဘာ နှစ်တရာကို ထုဆစ်
လုံ့လသစ်နဲ့မာန်တင်
ကြာချင်ကြာမယ် နာချင်နာမယ်
အလွယ်တကူမပြီး
လမ်းကြမ်းကြီးများစွာနဲ့
ခရီးကား မနီးလှပေဘူးလေ။

အငြိမ်းစား ဘချုပ်တွေ
နေပြည်တော်မှာ စာဖတ်ကြကာနေ
ကော်သူးလေ ကရင်တွေ
ရီဝေဝေ ထွေလီနေဆဲ
သမိုင်းလည်း ဝိုးတိုးဝါးတား
မှတ်မထား သညှာ
ကဗျာမတတ် စာမတတ်
အနာဂတ်မဲ့အောင်ကို
အလိုလိုပြုနေကြရော့သလား
ဝါးလုံးခေါင်းထဲ လ”တွေ မသာသင့်နေ
အောက်ခြေလူထုအတွက် ဆင်ခြင်
လမ်းစဉ်နဲ့မူဘောင်ကို ရူးကြောင်ကြောင် မလုပ်ကြနဲ့။

ငြိမ်းချမ်းရေးစကားလုံး
မက်လုံးကားပါမစ်
မစစ်မှန်တဲ့ စေတနာတွေ
ကရင်တွေ ပြည်တွင်းစစ် ပြည်ပစစ်
ဘယ်စစ်မှ မဖြစ်ချင်ခဲ့ကြပါဘူး။

နိုင်ငံရေး အကြပ်အတည်း
လိပ်ခဲတည်းလည်း ပြဿနာ
ဒဏ်ရာနဲ့အနာဆေး
ဖွံ့ဖြိုးရေးမဟုတ်ဘူး
ဖူးပွင့်ဖို့ ပန်းကလေး
နွေးထွေးလန်းဆန်းတောက်ပ
ဘဝလုံခြုံမဲ့ ရောင်နီပြို
ကိုယ်ပိုင်ပြဌာန်းခွင့် အလင်းတန်း
တို့ မျှော်မှန်းခဲ့တာ လွတ်လပ်ခြင်းလမ်းမကြီးပေါ့။

Sunday, 8 December 2013

KNU ထုတ်ပြန်ကြေငြာချက်

2nd KNU meeting Statement _Burmese_.pdf

Wednesday, 27 November 2013

ဆစ်ဒနီငြိမ်းချမ်းရေးဆု ရရှိခဲ့သူ မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်နှင့် ဆက်သွယ်မေးမြန်းခြင်း


Dr Cynthia Maung, an ethnic Karen from Rangoon, has spent more than 20 years saving the lives of thouands of Burmese at the Mae Tao clinic on the Thai-Burma border. Fleeing Burma herself after the military coup in 1988 she founded the clinic in 1989 and today it provides healthcare to more than 300 people each day, many of whom travel from deep inside Burma where healthcare is all but non existent.
ဒေါက်တာစင်သီယာမောင်ကို ၁၉၅၉ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်နေ့တွင် မိခင်နမ့်လှကြည်နှင့် ဖခင်မန်းငြိမ်းမောင်တို့မှ ရန်ကုန် တိုင်း၊ အင်းစိန်မြို့နယ်တွင် မွေးဖွားခဲ့သည်။

ကရင်လူမျိုးဖြစ်ပြီး ၈၈ကျောင်းသားအရေးအခင်းအပြီးတွင် ကရင်ပြည်နယ် အိန္ဒု ကျေးရွာတွင် တာဝန်ထမ်းဆောင်ရာမှ နယ်စပ်သို့ ထွက်ခွာခဲ့သည်။

၁၉၈၉ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌ မယ် တော်ဆေးခန်းကို စတင်တည်ထောင်ကာ မြန်မာနိုင်ငံမှ ဒုက္ခသည်များ၊ မိဘမဲ့ကလေးများ၊ ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အတွက် လက်ရှိအချိန်ထိ ဆေးကုသပေးလျှက်ရှိသည်။

သူမသည် မယ်တော်ဆေးခန်းတွင် အခြားဆေးဝန်ထမ်းများနှင့်အတူ အခမဲ့ ဆေးကုသမှုလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ၁၉၉၉ခု နှစ်မှစ၍ နိုင်ငံတကာက ပေးအပ်သည့် ဆုများရရှိသည့်အနက် ၂၀၀၂ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက ပေးအပ်သော အရှေ့တောင် အာရှရေမွန်မက်ဂ်ဆေးဆေး (Southeast Asia’s Ramon Magsaysay Award)ဆုသည် အထင်ရှားဆုံးဖြစ်သည်။

သူမသည် ၂၀၀၃ခုနှစ် Time Magazine ၏ အာရှနိုင်ငံ အာဇာနည်များစာရင်း၌လည်း ထည့်သွင်းရွေးချယ်ခံခဲ့ရပြီး မျက်မှောက်အချိန်တွင် သူမသည် နိုင်ငံတကာဆုပေါင်း ၂၀ခန့် ချီးမြှင့်ခံထားရသူလည်း ဖြစ်သည်။

မေး ။ ။ ပထမဆုံးအနေနဲ့ ဆရာမ အခုလို ဆစ်ဒနီငြိမ်းချမ်းရေးဆု ရတဲ့အပေါ်မှာ ဘယ်လိုခံစားရပါသလဲ။
ဖြေ ။ ။ အားလုံးအတွက် အလုပ်အတွက် လုပ်တာပဲဆိုတော့ အားလုံးအတွက် အကျိုးရှိတယ်လို့ပဲ ခံစားရတာပေါ့နော်။

မေး ။ ။ ဒီဆုဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးကိုမှ ပေးတာလဲ။ ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်းကနေ ဆရာမကို ဘာကြောင့် ဒီဆုကို ပေးဖို့ ရွေးချယ်ခဲ့တာလို့ ထင်ပါသလဲ။
ဖြေ ။ ။ ဒီဆစ်ဒနီငြိမ်းချမ်းရေးဆုကတော့ ကျန်းမာရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စမှာ လူပုဂ္ဂိုလ်အမျိုးမျိုးကို ပေးပါတယ်။ ဒီနှစ်ပေးတဲ့ဆုဟာ ၁၆ကြိမ်မြောက်ပေါ့နော်။ ဒီ ၁၆ကြိမ်မြောက်မှာတော့ ကျန်းမာရေး၊ လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ တရားမျှတမှုအပေါ်မှာ အခြေခံပြီးတော့ ပေးတာ ဖြစ်ပါတယ်။

မေး ။ ။ ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်းက ဒီဆုရဲ့ တန်ဘိုးရလဒ်အဖြစ် ဘာတွေပေးပါသလဲ။ အဲဒါကိုရော ဆရာမအနေနဲ့ ဘယ်လိုပြန်ပြီး အသုံးပြုသွားမယ်လို့ စဉ်းစားထားပါသလဲ။
ဖြေ ။ ။ ဆုငွေအနေနဲ့ သြစတြေးလျားဒေါ်လာ ၅သောင်းပေါ့နော်။ အဲဒါကတော့ ကျမတို့ နယ်စပ်မှာရှိတဲ့ လူထုအဖွဲ့အစည်း တွေအတွက် ရေရှည်အကျိုးရှိမယ့် အလုပ်အပေါ်မှာပဲ အသုံးပြုသွားမှာ ဖြစ်ပါတယ်။ နောက်တစ်ခု ဆုတံဆိပ် အမှတ်အသားအ နေနဲ့ ထရိုကီ(ဆုအမှတ်အသား)ပေးပါတယ်။

မေး ။ ။ သြစတြေးလျားနိုင်ငံမှာ ဆုသွားယူရတာနဲ့ ပတ်သက်ပြီး ဆရာမ အတွေ့အကြုံလေးကို ပြောပြပေးပါလား။
ဖြေ ။ ။ ဆုပေးတဲ့ အစီအစဉ်မှာတော့ ဒီဆစ်ဒနီယူနီဗဟာစတီ(ဆစ်ဒနီတက္ကသိုလ်)က ဌာနအချို့နဲ့ ဆစ်ဒနီမြို့တော်ဝန်တို့ တွဲပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီလို ဆစ်ဒနီယူနီဗာစတီကရော၊ ဆစ်ဒနီမြို့တော်ဝန်တို့ တွဲပြီး စီစဉ်ဆောင်ရွက်တာ ဖြစ်တဲ့ အတွက် အားလုံးအဆင်ပြေပါတယ်။ နောက်ပြီး အခမ်းအနားအစီအစဉ်တဲ့အထဲမှာ ကရင်အဖွဲ့အစည်းတွေပေါ့နော်။ သူတို့က နွေးနွေးထွေးထွေး ကြိုဆိုသလို ဒုံးအကတွေနဲ့လည်း ကြိုဆိုဂုဏ်ပြုတဲ့ အစီအစဉ်တွေ လုပ်ပါတယ်။

မေး ။ ။ ဆရာမကို ဆစ်ဒနီငြိမ်းချမ်းရေးဆုပေးတဲ့ ဆစ်ဒနီငြိမ်းချမ်းရေးဖောင်ဒေးရှင်းကို ဘာများ တုန့်ပြန်ပြောဆိုချင်ပါသလဲ။
ဖြေ ။ ။ သူတို့ကတော့ သြစတြေးလျားနိုင်ငံအနေနဲ့ စီစဉ်ထားတဲ့ ဒါ နိုင်ငံတကာ ဖြစ်တာပေါ့နော်။ ငြိမ်းချမ်းရေး၊ တရားမျှတ ရေးဆိုတာကို ကိုယ်စားပြုပြီးတော့ စီစဉ်တာဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံတကာမှာရှိတဲ့ ဒီငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တရားမျှတ မှုရှိတဲ့အရာကို ဦးစားပေးပြီးတော့၊ အလေးထားပြီးတော့ ဆောင်ရွက်တာ ဖြစ်တဲ့အတွက်ကြောင့် လက်ရှိ မြန်မာနိုင်ငံအနေအ ထားနဲ့ ဖြစ်စဉ်၊ တခြားပဋိပက္ခဖြစ်တဲ့ နေရာတွေမှာပဲဖြစ်ဖြစ်ပေါ့နော်။ ဒီငြိမ်းချမ်းရေးဆောင်ရွက်တဲ့ ဖြစ်စဉ်တွေမှာ တရားမျှတမှုရှိ တယ်ဆိုတာကို ဦးစားပေးစဉ်းစားဖို့ ကျမတို့အားလုံးအတွက် အရေးကြီးတဲ့အချက်ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ မြန်မာပြည်ဟာ ပြည်တွင်းငြိမ်းချမ်းရေး အပါအ၀င် အခု အပြောင်းအလဲတွေ လုပ်နေပါတယ်။ ဒီအပေါ်မှာ ဆရာမမြင် တဲ့ ရှုထောင့်လေးကို ပြောပြပေးပါလား။
ဖြေ ။ ။ မြန်မာပြည်ဟာ ပြောင်းလဲလာတယ်ဆိုပေမယ့် ပဋိပက္ခတွေ ရှိနေသေးတယ်။ ဒီပဋိပက္ခဖြစ်တဲ့အချိန်မှာ အဓိကတော့ လူထုက ထိခိုက်ခံစားရတဲ့အခါကျတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူထုကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ကြီးကြပ်မှုအပိုင်း မှာဖြစ်စေ၊ ပါဝင်ဆွေးနွေးတဲ့အပိုင်းမှာဖြစ်စေ ပါဝင်လာဖို့လည်း လိုအပ်သလို အထူးသဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေမှာ အရေးကြီးတဲ့အချက်ကတော့ အမျိုးသမီးတွေအနေနဲ့ ပိုပြီးတော့ ထဲထဲဝင်ဝင် ပါဝင်နိုင်တဲ့ အခွင့်အလမ်းတွေ ရလာဖို့ ရှေ့ဆက် တစ်လျှောက်လုံးမှာ အခြေအနေပိုင်းတွေကော၊ နိုင်ငံရေးဆွေးနွေးရေးအပိုင်းတွေကာ၊ လူထုရဲ့ တည်ငြိမ်မှုနဲ့ ဘ၀လုံခြုံမှုအပိုင်း ကို ကြီးကြပ်တဲ့အခါတွေမှာ အမျိုးသမီးတွေ အများကြီးပါလာဖို့က အများကြီး ကြိုးစားလုပ်ရဦးမှာ ဖြစ်ပါတယ်။

၁၇/၁ ကို ပယ်ဖျက်ရေး ခဲယဉ်းနေသေးသရွေ့ 

အယ်ဒီတာအာဘော်

7.-Pic-Thein-Sein-and-KNU-meet

၁၇/၁ ကို ပယ်ဖျက်ရေး ခဲယဉ်းနေသေးသရွေ့ 

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား လက်မှတ်ရေးထိုးရရှိထားသည့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ပိုမိုခိုင်မာစေရန်အတွက် ၁၉၀၈ခုနှစ်က ထုတ်ပြန်ထားခဲ့သည့် မတရားအသင်း အက်ဥပဒေကို ပြင်ဆင် ဖြည့်စွက်ရန်နှင့် ပယ်ဖျက်ရန် ရှိမရှိ နိုဝင်ဘာလ(၁)ရက်နေ့တွင် မူဆယ်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘိုး အောင်က ပြည်သူ့ဆန္ဒအရ တင်ပြမေးမြန်းသည်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပယ်ဖျက်ရန်မသင့်ကြောင်း ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အခြေခံမူ ၈ချက်ဖြင့် ဆွေးနွေးနေခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မတရားအသင်း အက်ဥပဒေကို
မပယ်ဖျက်သင့်သကဲ့သို့ ပြောင်းလဲလာသော အခြေအနေများနှင့်အညီ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးတို့အတွက် မတရားအသင်း အက်ဥပဒေကို လိုအပ်သလို ပြင်ဆင် ဖြည့်စွက်သွားမည်ဖြစ်ကြောင်းကိုပါ ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

လက်ရှိ လွှတ်တော်အစည်းအဝေးများ တက်ရောက်နေကြသော ပြည်သူ့လွှတ်တော်အမတ် အများစုအပြင် မြန်မာနိုင်ငံအတွင်းရှိ လူထုအခြေပြုအဖွဲ့များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ ဥပဒေပညာရှင်များနှင့် နိုင်ငံ့အရေး လေ့လာစောင့်ကြည့်နေသူ များကလည်း ၎င်းဥပဒေမှာ မရှိသင့်တော့ကြောင်း တူညီသည့် အမြင်သဘောထားများ ရှိနေကြသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့က ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်၌ ပြုလုပ်ခဲ့သော ကေအဲန်ယူနှင့် အစိုးရ ပြည် တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ နှစ်ဖက်ကိုယ်စားလှယ်များ သတင်းစာရှင်းလင်းပွဲတွင် သမ္မတဝန်ကြီးရုံး ဦးအောင်မင်းက (၁၇/၁)ပုဒ်မကိုဖျက်ရန် လုံးဝမဖြစ်နိုင်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သူများအား မသက်ရောက်စေရေးကို ရည်ရွယ် ကြောင်း၊ (၁၇/၁)ပုဒ်မဆိုသည်မှာ ဖျက်လို့မရသည်မှာ နိုင်ငံတော်က ချမှတ်ထားသည့် ပြစ်ဒဏ်ချမှတ်ချက် ပုဒ်မတစ်ခုဖြစ် သည့်အတွက်ဟု မဆိုင်းမတွ ပြောကြားခဲ့သည်။

အများသိ ပြောကြားခဲ့သော ဤရှင်းလင်းချက်အရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထင်သာမြင်သာစွာ မပါဝင်သော အသင်းအဖွဲ့ များနှင့် ပြည်သူလူထုများအတွက်မူ လက်ရှိ အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အဖွဲ့ ၀င်များနှင့် ပတ်သက်ဆက်ဆံမိရုံဖြင့် သက်ရောက်နိုင်ဖွယ်ရှိနေသည်။ လက်ရှိအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် ဦးသိန်းစိန်အစိုးရတို့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးမှသည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆီသို့ ဦးတည်နေသည့် အခါသမယ ဖြစ်နေပေသည်။

ယင်းသို့ ထိုအပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တရားမ၀င် အဖွဲ့အစည်းများအဖြစ်မှ ပယ်ဖျက်ကြောင်း အစိုးရအ နေဖြင့် တိုင်းသိပြည်သိ ကမ္ဘာသိ ကြေညာ၊ ပြဌာန်းခြင်း မလုပ်ဆောင်သရွေ့ ၎င်းအဖွဲ့များနှင့် ပြောဆို၊ ထိတွေ့၊ ကူညီ၊ ဆက် သွယ်လုပ်ဆောင်နေသူများအတွက်မူ ထိုပုဒ်မမှာ နောက်ကျောကို ဓါးဖြင့်ထောက်ထားသည့်ပမာ ဖြစ်နေပေသည်။ 

သို့ဖြစ်ရာ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေးသို့ ဦးတည်သွားမည်ဆိုလျှင် မတရားအသင်း အက်ဥပဒေ ပုဒ်မ (၁၇/၁)နှင့် ပုဒ်မ(၁၇/၂)များကို ပယ်ဖျက်ကာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စိတ်နှလုံးလွတ်လပ်မှုကို ဆောင်ကြဉ်းနိုင် မည်ဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပေသည်။

Monday, 25 November 2013

ကရင်လူငယ်အလုပ်ရုံဆွေးနွေးပွဲ ပန်းတနော်မြို့နယ်၌ ကျင်းပခဲ့


(သံတောင်ကြီးတွင် ပြုလုပ်ခဲ့သည့် လူငယ်တွေ့ဆုံပွဲမှ ကရင်လူငယ်များ)
(သံတောင်ကြီးတွင် ပြုလုပ်ခဲ့သည့် လူငယ်တွေ့ဆုံပွဲမှ ကရင်လူငယ်များ)

နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ နန်းချောင်ဖော့

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော် ကရင်ရေးရာကော်မတီနှင့် ကရင်အဝိုင်းအဝန်း (Youth Cycle) တို့မှ ဦးဆောင်ပြီး “ကရင်လူငယ်နှင့် အနာဂတ်မျှော်လင့်ချက်” ခေါင်းစဉ်ဖြင့် ပထမဦးဆုံးအကြိမ် ကရင်လူငယ် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို နိုဝင်ဘာ ၁၈မှ ၂၀ရက်နေ့အထိ ပန်းတနော် မြို့နယ်၊ တောကျောင်းရွာတွင် ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ဦးဆောင်သူတစ်ဦးဖြစ်သည့် Youth Cycle အဖွဲ့မှ စောထွန်းထွန်းက “တွေ့ဆုံဆွေးနွေးပွဲကနေပြီးတော့ မြန်မာ တနိုင်ငံလုံးမှာရှိတဲ့ ကရင်လူငယ်တွေနဲ့ တွေ့ဆုံနိုင်ဖို့၊ ပြီးတော့ နိုင်ငံတကာမှာရှိတဲ့ ကရင်လူငယ်တွေ ဆုံတွေ့နိုင်ဖို့၊ ရှေ့ဆက် ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်ပြီး လုပ်တာဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဆွေးနွေးပွဲတွင် ကရင်လူငယ်များက ငြိမ်းချမ်းရေးဖြစ်စဉ်၌ ၎င်းတို့ပါဝင်နိုင်မည့် အခန်းကဏ္ဍကို သိရှိရန်၊ လူမှုဖွံ့ဖြိုးရေး နှင့် အမျိုးသားရေး အသိပညာများ လုပ်ဆောင်နိုင်ရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ သဘောတရားနှင့် လူ့အခွင့်အရေးများ ကို ကရင်လူငယ်များ ပိုမိုသိရှိလာစေရန် စသည်တို့ကို ဆွေးနွေးခဲ့သည်ဟု သူက ဆက်ပြောသည်။

ယင်းဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးရှိ ပန်းတနော်မြို့နယ်၊ ကျောက်ကုန်း၊ ကျုံပျော်၊ အိမ်မဲ၊ ပုသိမ်၊ ငပုတောနှင့် မအူပင် မြို့နယ်များရှိ ကရင်လူငယ်အစည်းအရုံး(KYO)၊ ဖားအံကရင်လူငယ်အဖွဲ့(KAC)၊ ကရင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(KYDG) တို့မှ ကိုယ်စားလှယ်ပေါင်း (၉၇)ဦး ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ KYO ကိုယ်စားလှယ် စောအယ်မွီးက “ဒီဆွေးနွေးပွဲမှာ လူငယ်တွေက စိတ်ဝင်းစားမှု ရှိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီ(မြန်မာပြည်တွင်းဘက်)မှာရှိတဲ့လူငယ်တွေက တော်လှန်ရေးနယ်မြေနဲ့ အလှမ်းဝေးတဲ့အခါကျတော့ မသိတာတွေ အခုမှ သိရတယ်။ (ကရင့်)သမိုင်းအကြောင်းတွေ ပြောတဲ့အခါကျတော့ သူတို့ တော်တော်စိတ်ဝင်စားတယ်။”ဟု ပြောသည်။

ကရင်လူငယ်များအနေဖြင့် မျိုးချစ်စိတ်များ ပိုမိုရှင်သန်လာရန်၊ မိမိလူမျိုးအတွက် တတ်နိုင်သည့်ဘက်က ဆောင်ရွက်နိုင်ရန် သင်တန်းများ၊ ဆွေးနွေးပွဲများကို အဆက်မပြတ် လုပ်သွားပေးရန် လိုအပ်ကြောင်းလည်း စောအယ်မွီးက ဖြည့်စွက်ပြောဆိုသည်။

ကရင်လူငယ်အလုပ်ရုံဆွေးနွေးပွဲ အတောအတွင်း မြန်မာအစိုးရ၏ နယ်မြေခံလုံခြုံရေး(SP)တို့က ၎င်းတို့ကို လာရောက်စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း ပါဝင်တက်ရောက်သူ လူငယ်များက ပြောဆိုသည်။

သုံးရက်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ ကရင်လူငယ်များ ဆွေးနွေးပွဲပြီးနောက်ပိုင်း ဧရာဝတီတိုင်းရှိ ကရင်လူငယ်များ၊ နယ်စပ်ဒေ သရှိ ကရင်အဖွဲ့အစည်းများ၊ KNU ခေါင်းဆောင်များ၊ မြန်မာပြည်တွင်းရှိ ကရင်ပါတီများနှင့် ကရင်လူမှုအဖွဲ့အစည်းများက ထပ်မံ တွေ့ဆုံသွားရန် စီစဉ်ထားကြောင်း သိရသည်။

အလားတူ ကရင်လူငယ်တွေ့ဆုံ ဆွေးနွေးပွဲများကို ပဲခူးတိုင်း ကျောက်ကြီး၊ မွန်ပြည်နယ် သထုံ၊ ကရင်ပြည်နယ်တွင် ဖားအံ၊ သံတောင်ကြီး၊ ပိုင်ကျုံ(ပိတခါ့)၊ ကြာအင်းဆိပ်ကြီးနှင့် လက်ရှိ ကျုံဒိုးမြို့နယ်များ၌လည်း ပြုလုပ်ခဲ့ပြီးဖြစ်သည်။

မဲဆောက် ဟန်ထိုင်းအထည်ချုပ်စက်ရုံမှ ရွှေ့ပြောင်းမြန်မာ ၁၇ဦး အလုပ်ထုတ်ခံရ


Han Tai (Wounderful Co. Ltd) factory workers

နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ဧရိယာအတွင်း မယ်ကုတိုက်နယ် အမှတ်(၇)ရပ်ကွက်ရှိ ဟန်ထိုင်းအထည်ချုပ် စက်ရုံ(Wonderful Co,ltd) အလုပ်ရှင်က ၎င်းစက်ရုံမှ မြန်မာအလုပ်သမား ၁၇ဦးကို အထည်ထုတ်လုပ်မှု ရာခိုင်နှုန်းကျသည်ဟု အကြောင်းပြကာ နိုဝင်ဘာ ၂၃ရက်နေ့၌ အလုပ်ထုတ်လိုက်သည်။